
တိုက်ကြက်အတွက် Alfalfa
Pama Lab ထဲမှာပါတဲ့ Alfalfa ဆိုတာ
Pama Lab မွေးဆေးမှာ ပါ၀င်တဲ့ Alfalfa အာလ်ဖာလ်ဖာ ဆိုတာဟာ တိုက်ကြက်တွေအတွက် များစွာအကျိုးရှိကောင်းမွန်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
Alfalfa အာလ်ဖာလ်ဖာ မှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကြီးထွားဖွံ့ဖြိုးသန်မာမှုကို အထောက်အကူပြုပါတယ်။
အာလ်ဖာလ်ဖာမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ တစ်ရှူးပြုပြင်မှုနဲ့ စွမ်းအင်တိုးပွားစေပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ဟာ ခန္ဓာကိုယ်အားကောင်းမွန်စေပါတယ်။
အာလ်ဖာလ်ဖာမှာပါဝင်တဲ့ ကလိုရိုဖီးဟာ သွေးနဲ့ အသည်းကို သန့်စင်စေပါတယ်။
ဒါကြောင့် အာလ်ဖာလ်ဖာကို တိုက်ကြက်တွေကို ကျွေးမွေးခြင်းဟာ ကျန်းမာရေးနဲ့ အားကောင်းမှုကို တိုးမြှင့်ပေးနိုင်သလို တိုက်ကြက်တစ်ကောင် အလျင်အမြန်ပျက်စီးနွမ်းပါးမသွားပဲ ပွဲအရေအတွက်များများကစားနိုင်စေဖို့ ကူညီပံ့ပိုးပေးပါတယ်။

အာလ်ဖာလ်ဖာကို အသုံးပြုခဲ့တဲ့သမိုင်းတိုးတက်မှု အချို့ကို ကြည့်ရမယ်ဆိုရင်
ရှေးအီဂျစ်ခေတ် --- အီဂျစ်လူမျိုးတွေဟာ အာလ်ဖာလ်ဖာကို လူအတွက်ဆေးဖော်စပ်ရန်အတွက်နှင့် သူတို့ရဲ့ နို့တိုက်တိရစ္ဆာန်တွေအတွက် အစာအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ပါရှန်းခေတ် --- ပါရှန်းလူမျိုးတွေဟာ အာလ်ဖာလ်ဖာကို သူတို့ရဲ့ စိုက်ပျိုးရေးစနစ်ထဲမှာ အရေးကြီးတဲ့ အပင်အဖြစ် စိုက်ပျိုးခဲ့ကြပါတယ်။
ဂရိနဲ့ ရောမခေတ် --- ဂရိနဲ့ ရောမလူမျိုးတွေဟာလည်း အာလ်ဖာလ်ဖာကို လူအတွက်ဆေးဖော်စပ်ရန်အတွက် နှင့် တိရစ္ဆာန်တွေအတွက် အသုံးပြုခဲ့ကြပါတယ်။
ဒါကြောင့် အာလ်ဖာလ်ဖာရဲ့ တန်ဖိုးကို လူတွေက အနည်းဆုံး နှစ်ထောင်ပေါင်းများစွာကတည်းက သိရှိပီးအသုံးပြုခဲ့ကြတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိဆေးဖက်၀င် ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
